Råd och Stöd (RoS) (burmesiska/မြန်မာ)

ဆေးစွဲမှု ရှိသူများ သို့မဟုတ် သူတို့၏ ဆွေမျိုးများအတွက်

သင့်တွင် အရက်၊ မူးယစ်ဆေးဝါး၊ ဆရာဝန်အညွှန်းဆေး သို့မဟုတ် လောင်းကစား ပြဿနာ ရှိပါက မိမိတို့ထံ အကြံဉာဏ်နှင့် ပံ့ပိုးမှုအတွက် လာရောက်နိုင်သည်။ မိမိတို့အနေဖြင့် သင်၏ ဆွေမျိုးများကိုလည်း ပံ့ပိုးမှု ပေးနိုင်သည်။ သင်နှင့် ဆွေးနွေးခြင်းမှ တဆင့် သင်၏ လိုလားချက်များနှင့် သင်လုပ်ဆောင်လိုသော ပြောင်းလဲမှုများကို မီးမောင်းထိုးပေးသည်။ မိမိတို့ထံလာရောက်ရန် သင်သည် အသက် ၁၈ နှစ် နှင့် အထက် ရှိရမည်ဖြစ်ပြီး Luleå မြူနီစပယ် နယ်မြေတွင် နေထိုင်သူ ဖြစ်ရမည်။ မိမိတို့မှာ ကိုယ်တိုင် ဆေးစွဲမှု ကြုံနေရသူများနှင့် သူတို့၏ ဆွေမျိုးများ နှစ်ဦးစလုံးအတွက် မတူကွဲပြားသော ကုသမှု နည်းလမ်းအများအပြားကို သင်ကြားလေ့လာထားသည်။ သင်သည် ကျွန်ုပ်တို့ထံ အမည်မဖော်ပဲ လာရောက်နိုင်သည်၊ မိမိတို့အနေဖြင့် မည်သည့်မှတ်တမ်းမျှ ထားရှိမည်မဟုတ်ပဲ လျို့ဝှက်စွာ မိမိတို့ လေ့လာမှု လုပ်ဆောင်မည်။ မိမိတို့၏ ရည်မှန်းချက်မှာ ရက်သတ္တပတ် နှစ်ပတ်အတွင်း သင်အား တွေ့ဆုံရန် ကမ်းလှန်းသွားရန်ဖြစ်သည်။ မိမိတို့အား သင့်အနေဖြင့် ဖုန်းခေါ်ဆိုခြင်း အီးမေးလ်ပို့ခြင်းဖြင့် ဆက်သွယ်နိုင်သည်။

ဆက်သွယ်ရန်။

Tina နှစ်သိမ့်ဆွေးနွေးရေးမှူး။ 0920-45 44 05 သို့မဟုတ် 073-052 73 69

Hans နှစ်သိမ့်ဆွေးနွေးရေးမှူး။ 0920-45 56 06 သို့မဟုတ် 073-074 48 65

Luleå မြူနီစပယ် နယ်မြေ ဖောက်သည် စင်တာ။ 0920-45 30 00

အီးမေးလ်။ radostod@soc.lulea.se

Sidan uppdaterades den 14 februari 2023